Winrar ဖြင့်ဖိုင်ချုံခြင်း
ဒါလေးကတော့အားလုံးပဲလုပ်တက်မယ်လို့ထင်ပါတယ်။
ကျွန်တော်တို့ချုံချင်တဲ့ဖိုင်ကို Right Click ထောက်လိုက်ပါ။ အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်။

Add to Archive ဆိုတာလေးကိုနှိပ်လိုက်တာနဲ့
Archie name and parameters ဘောက်လေးကျလာပါ လိမ့်မယ်။အဲ့ဒီဘောက်ထဲမှာProfiles ရဲ့အောက်မှာ
RAR နဲ့ချုံ့ မှာလား ZIP နဲ့ချုံ့ မှာလား ကြိုက်တာရွေးလို့ရပါတယ်။

ဒီနေရမှာပြောစရာရှိတာကတော့
Winrar မှာ RAR နဲ့ ZIP ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။ ဘာကွာဟချက်ရှိလဲဆိုတော့နေရာတစ်ခုမှာ
Upload တင်မယ်ဆိုရင် Forder လိုက်တင်ပေးလို့မရပါဘူး။ မေးထဲကပဲ folder တစ်ခုကိုပို့မယ်ဆိုပါစို
့ဗျာ…….မိမိပို့ချင်တဲ့ဖိုဒါကိုဒီတိုင်းပို့လို့်မရပါဘူး။ ZIP သို့မဟုတ် RAR နဲ့ချုံ့ ပြီးမှပို့လို့ရပါတယ်။
အဲ့ဒီအတွက်ဘာSoftware မှမသုံးပဲဖွင့်လို့ရအောင်ပို့ချင်တယ်ဆိုရင်တော့ Zip ကိုသုံးလို့ရပါတယ်။
Zip နဲ့ချုံ့ ထားတာဆိုရင် Winrar လို Zip ဖြည်စရာSoftwareမရှိလည်း ဒီတိုင်းဖွင့်လို့ရမှာဖြစ်ပါတယ်။
ဖိုင်ဆိုဒ်တော့ သိသိသာသာ လျော့ကျသွားမှာမဟုတ်ပါဘူး… RAR
ကျတော့ Zip ထက် ဖိုင်ဆိုဒ်ကိုပိုချုံပေးပါတယ်။ RAR နဲ့ချုံခဲ့တယ်ဆိုရင်တော့ Winrar
Software မရှိပဲဖွင့်လို့မရပါဘူး။ RAR ကိုပဲအသုံးများကြပါတယ်။ RAR ကိုပဲသုံးမယ်ဆိုရင်တော့
Add to Archive ကိုသုံးစရာမလိုပါဘူး “Add to ……rar”ဆိုတာလေးကိုအသုံးပြုယုံပါပဲ။ အောက်က Compress
to “….. rar ” and email ဆိုတာလေးကတော့ ချုံပြီးတာနဲ့ email နဲ့ပို့ပေးဖို့ဖြစ်ပါတယ်။
ချုံထားတာကိုပြန်ဖြေမယ်

ကျွန်တော်တို့ချုံ့ ထားတာလေးတွေကိုပြန်ဖြေမယ်ဆိုရင်တော့ RAR
ဖိုင်လေးကို Right Click ထောက်လိုက်ပါ။ အပေါ်ဆုံးက Extract files.. လေးကိုနှိပ်လိုက်ရင်တော့အဲ့ဒီဖိုင်အတွက်
option တွေထပ်ပေါ်လာပါလိမ့်မယ်။ Extract Here ဆိုတာကိုနှိပ်ရင်တော့ ကျွန်တော်တို့ချုံ
့ခဲ့တဲ့ပုံစံအတိုင်းပြည်ကျလာမှာဖြစ်ပါတယ်။Extarct ဆိုတာကတော့ ကျွန်တော်တို့ပြည်ကျလာတာလေးကို
Folder လေးနဲ့ကျလာအောင်အသုံးပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့ဖိုင်ချုံတဲ့အခါမှာ
password ပေးထားလို့ရပါတယ်။ ဖိုရမ်တွေမှာအများသောအားဖြင့် မိမိဖိုရမ်ကပေးတဲ့
download မှန်သမျှကို ဖိုရမ်ရဲ့နာမည်ကို password ပြန်ပေးထားတာရှိပါတယ်။ ဖိုရမ်လိပ်စာကိုလဲမှတ်မိသွားအောင်ပေါ့


ကျွန်တော်တို့ password ထည့်မယ်ဆိုရင်တော့အရင်ဆုံးမိမိတို့ချုံ့ ချင်တဲ့ဖိုင်ကို
Right Click လုပ်ပါ။Add to archive ကိုနှိပ်လိုက်ပါ။ Archive name andparameters ဘောက်လေးကျလာပါလိမ့်မယ်။Advanced
tab ကိုသွားပါ။ Set password ကိုနှိပ်လိုက်ပါ။Enter password ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။မိမိတို့အသုံးပြုချင်တဲ့
password ကိုအပေါ်မှာရောအောက်မှာပါရိုက်ထည့်ပေးပါပြီးရင် OK ကိုနှိပ်လိုက်ပါ။ဒါဆိုရင်မိမိတို့
ချုံလိုက်တဲ့ file လေးကို password ပေးပြီးသားဖြစ်သွားပါပြီ။ အဲ့ဒီဖိုင်ကိုဖြန်ဖြေမယ်ဆိုရင်
တော့စောစောကပေးထားတဲ့ passwordလေးကိုတောင်းပါလိမ့်မယ်။ တကယ်လို့ password မထည့်ဘူးဆိုရင်တော့ ဘယ်လိုမှဖြည်လို့ရမှာမဟုတ်ပါဘူး။

ဒီ
function လေးကတော့ Share ပေးချင်တဲ့သူတွေအတွက်တော့အရမ်းကိုအသုံးတဲ့ပါတယ်။ Software
တစ်ခုကို Share ပေးချင်တယ်။ဒါပေမယ့်ကျွန်တော်တို့သုံးချင်တဲ့ Hosting ဆိုဒ်တွေကဖိုင်တစ်ခုကို
100 Mb ပဲ Upload တင်လို့ရတယ်။အဲ့ဒီအတွက်ဖိုင်တွေကို ခွဲပြီးတင်ပေးရပါမယ်။အဲ့ဒီအတွက်ကျွန်တော်တို့တင်ချင်တဲ့
File လေးကို Right Clickထောက်လိုက်ပါ။ Add to Archive ကိုနှိပ်လိုက်ပါ။Archive
name and parameters ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။Split to volume , bytes မှာZip
100: 98078 kb ကိုရွေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ခွဲလိုက်တဲ့
ဖိုင် နာမည်နဲ့ Part 1 , Part 2
ဆိုပြီးပေါ်လာပါလိမ့်မယ်။ အပိုင်းတစ်ပိုင်းကို 100Mb နဲ့ခွဲလိုက်တာဖြစ်ပါတယ်( ကျွန်တော်တို့ခွဲချင်တဲ့ဖိုင်က
500Mb ရှိတယ်ဆိုရင်တော့ အပိုင်း 5 ပိုင်းဖြသ်သွားမှာပေါ့နော် ) ကျွန်တော်တို့ခွဲပြီး
ချုံထားတာလေး ကိုပြန်ပြီးဖြည်မယ် ဆိုရင်တော့ part 1 ကို Right Click နှိပ်ပြီးအပေါ်မှာပြောခဲ့တဲ့အတိုင်းဖြည်လိုက်ပါ။
Winrar မရှိသေးသော သူငယ်ချင်းတွေ အတွက်အောက်မှာ ဒေါင်းရန် လင့်ညွှန်းထားပါတယ်
