ယခုနှစ်များမှာ နည်းပညာတိုးတက်လာတာနဲအမျှ မြန်မာနိုင်ငံမှာအင်တာနက် ယဉ်ကျေးမှု တိုးတက်ထွန်းကားလာပါတယ်။ အင်တာနက်နဲအတူ ပါဝင်ပက်သက်လာတာကတော့ မြန်မာလိုမျိုး လူမှုကွန်ယက် ၀က်ဆိုဒ် လို့ခေါ်တဲ့ Social Networking တွေပဲဖြစ်ပါတယ်။ အဲဒီ Social Network တွေထဲမှာမှ Facebook ဟာလူသုံးအများဆုံး ရေပန်းအစားဆုံး ဖြစ်လာပါတယ်။
ဖေဘွတ် ကို အမေရိကန်မှ Harvard တက္ကသိုလ်ကျောင်းသား Mark Zuckerberg ဆိုသူက 2004 ခုနှစ်မှာ ရေးသား တီထွင်ခဲ့ပါတယ်။ စတင်ရည်ရွယ်တာကတော့ ကျောင်းသူ ကျောင်းသားအချင်းချင်း အင်တာနက် ပေါ်မှာ ဆက်သွယ်နိုင်ဖို့ ကျောင်းတွင်း ဆိုဒ်တစ်ခုအနေနဲစတင်ခဲ့တာဖြစ်ပါတယ်။ အဲကနေ လူတွေကလည်းသုံး Features တွေလည်းတိုးလာလိုက်တာ အခုဆိုရင်တော့ အကောင်းဆုံး ကမ္ဘာလူသုံးအများဆုံး Social Network တစ်ခု ဖြစ်လာပါပြီ။ Facebook အကြောင်းကို ရိုက်ကူးထားတဲ့ The Social Netowrk ဆိုတဲ့ဇတ်လမ်းတောင်ရှိပါတယ်။
Facebook ကို အသုံးပြုတော့မယ်ဆိုရင်တော့ သင့်ရဲ့အချက်အလက်တွေကို ဖြည့်ပြီး Account တစ်ခုလုပ်ရပါတယ်။ အကောင့်လုပ်ပြီးပြီ ဆိုရင်တော့ www.facebook.com မှာ မှာ မိမိ Name နဲ့ Password ကိုရိုက်ထည့်ပြီးဝင်လိုရပါပြီ။ ဖေဘွတ်မှာ အဓိက ရည်ရွယ်ချက်ကတော့ Social Network ဆိုတဲ့အတိုင်း လူတစ်ယောက်နဲ တစ်ယောက် တစ်ဖွဲနဲ့တစ်ဖွဲကို ကို ပုံစံအမျိုးမျိုးနဲ့ ဆက်သွယ်ပေးတာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ပထမဆုံး ကိုယ်နဲ့သိနိုင်မယ့် သူတွေကို ရှာဖွေနိုင်ပါတယ်။ နောက် မသိတဲ့သူအချင်းချင်း တစ်ယောက်နဲ တစ်ယောက် မိတ်ဆက်ပြီး သူငယ်ချင်း လုပ်လို့ရပါတယ်။ သူငယ်ချင်းမိတ်ဆွေ အချင်းချင်း ဖေဘွတ်ပေါ်ကနေဆက်သွယ်နိုင်ပါတယ်။ စကားအပြန်အလှန် (Chatting) ပြောလိုရမယ်။ အကြောင်းအရာတွေဓတ်ပုံတွေကို မျှဝေလို့ရမယ်။ ဥပမာကိုယ်က ဓတ်ပုံတွေ၊ စာတွေ၊ ပြောချင်တဲ့အကြောင်းအရာကို တင်လိုက်တဲ့အခါ ကိုယ့် သူငယ်ချင်းစာရင်းထဲမှာ ရှိနေတဲ့သူတွေ ကမြင်ရမယ်ပေါ့။ အဝေးရောက်နေတဲ့ မိသားစုတွေ သူငယ်ချင်းတွေအတွက် ပိုအဆင်ပြေပါတယ်။ နောက်ဖေဘွတ် စာမျက်နှာ တွေမှာကိုယ်နဲ့ ၀ါသနာတူရာ လူတွေကိုရှာပြီး အကြောင်းအရာတွေ ကိုလည်းဆွေးနွေးလို့ရပါလိမ့်မယ် ။ ဖေဘွတ်အကြောင်းကို အပိုင်းအလိုက် အသေးစိတ် ဆက်လက်ရေးသားပါအုံးမယ်။ (ဒီအကြောင်းအရာဟာ ဖေဘွတ်စတင်သုံးစွဲမယ့် သူတွေအတွက်ဖြစ်ပါတယ်။)
