main-nav-top (Do Not Edit Here!)

Main-nav-Menu (Do Not Edit Here!)

Flex Slider (Do Not Edit Here!)

Friday, October 11, 2013

CALISTHENICS (အားကစားရုံမသွားပဲ အိမ်မှာလေ့ကျင့်ခန်း လုပ်မည်)

သင်ဟာ အားကစား ရုံနဲ့ ဝေးလံတဲ့ နေရာတွေမှာ နေထိုင်သူ တစ်ဦး ဖြစ်နေမယ်၊ အားကစားရုံကို သီးသန့် သွားဖို့ အချိန် မပေးနိုင် ဖြစ်နေမယ် ဆိုရင် Calisthenics အားကစားနည်းက သင့်အတွက် အသင့် တော်ဆုံး ဖြစ်နေ မှာပါ။
Calisthenics အားကစားကို bodyweight training လို့လည်း တချို့က ခေါ်ကြပါတယ်။ ဘာလို့လည်း ဆိုတော့ ဒီအားကစား နည်း မှာပါဝင်တဲ့ လေ့ကျင့်ခန်း တိုင်းလိုလိုက ကိုယ်ခန္ဓာ အလေးချိန်ကို အသုံး ချပြီး လေ့ကျင့် ရတာမျိုး  ဖြစ်လို့ပါ။ ဥပမာ အားဖြင့် ပြောရရင် ဒိုက်ထိုးခြင်း (Push-ups)၊ ဘားခိုခြင်း (Pull-ups)၊ ထိုင်ထ လုပ်ခြင်း (Squats)၊ အိပ်ထ မတင် (sit-ups) အစရှိတဲ့ လေ့ကျင့်ခန်း ပေါင်းစုံ ပါဝင်တဲ့ အားကစား နည်း တစ်မျိုးပါ။ ဒီအားကစား နည်းက အဓိက အားဖြင့် လူတစ်ယောက်ရဲ့ bodystrength နဲ့ flexibility ကို သိသိသာသာ ကောင်းမွန်လာ စေပါတယ်။ Muscular strength သာမက cardiovascular fitness ပါတိုးတက် လာတဲ့ အတွက် နှလုံး ကျန်းမာရေး ကောင်းမွန် စေပြီး လူတိုင်း အတွက် သင့်တော်တဲ့ လေ့ကျင့်ခန်း အဖြစ် မှတ်ယူလို့ ရပါတယ်။
Calisthenics
လက်ရှိ မှာတော့ calisthenics အားကစား နည်းကို အားကစား အဖွဲ့တွေ၊ စစ်တပ် တွေမှာ အများဆုံး အသုံးပြု ကြပါတယ်။ နောက်ပြီး နိုင်ငံ တချို့က primary နဲ့ secondary ကျောင်းတွေမှာ ကိုယ်ကာယ ကြံ့ခိုင်ရေး သင်ရိုး ညွှန်းတမ်း တစ်ခု အနေနဲ့ပါ ထည့်သွင်းလာ ကြပါ တယ်။ အထက်က ဖော်ပြခဲ့တဲ့ လေ့ကျင့် ခန်း တွေက calisthenics အားကစားရဲ့ အခြေခံ အကျဆုံး လေ့ကျင့် ခန်း တွေပါ။ ဒါတွေ အပြင် jumping jacks, dips, crunches, lunges, burpees အစရှိတဲ့ လေ့ကျင့် ခန်းတွေ အများကြီး ကျန်ပါ သေးတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး စိတ်ဝင် စားတယ်၊ လ့ကျင့်ခန်း ပြုလုပ်ပုံတွေ သိချင်တယ် ဆိုရင်တော့ http://calisthenicsdaily.com ကိုသွားရောက် လေ့လာ ကြည့်လို့ ရပါတယ်။ ဒီလောက် ဆိုရင် calisthenics နဲ့ ပတ်သက်ပြီး သိရှိသင့် သလောက် သိပြီးသွား ပြီဆိုတော့ ဒီ အားကစား မှာ ထူးချွန်ပြီး superhuman လို့ခေါ်ရ လောက်အောင် ကျွမ်းကျင် သန်မာတဲ့ လူတစ်ဦးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ သူ့နာမည်က Frank Medrano ဖြစ်ပြီး Los Angeles, California မှာနေထိုင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒီလို သန်မာတဲ့ ကြွက်သားတွေ ပိုင်ဆိုင် သော်လည်း vegetarian တစ်ဦး ဖြစ်နေ ခြင်းဟာ သူ့ရဲ့ ထူးခြားချက် တစ်ခုပါ။ ဒီတော့ သူဘယ်လိုမျိုး သင့်ကို calisthenics အားကစားကို စိတ်ပါဝင်စား လာအောင် ဆွဲဆောင် မလဲ၊ ဘယ်လို အံ့အားသင့် စေမလဲ ဆိုတာတော့ အောက်က video မှာတွေ့မြင် ရမှာပါ။

Frank ကိုအားကျပြီး သူ့ရဲ့ အားကစား နည်းတွေ၊ အစား အသောက် ပုံစံတွေကို အတုယူ ချင်တယ်၊ သူ့ရဲ့ workout video တွေကို ဆက်ကြည့်ချင် သေးတယ် ဆိုရင် သူ့ရဲ့ official website ကိုအောက် မှာ ပေးထား ပါတယ်။ http://www.thefrankmedrano.com/
Calisthenics