Facebook မှာ Relationship Status တွေတင်ခွင့် ပေးထား ပါတယ်။ သုံးစွဲသူတွေ လွယ်လွယ် တင်ခွင့် ရအောင် လုပ်ပေး ထားပေမယ့် တစ် ကယ်တော့ ဘယ်လို Relationship Status မဆို နောက်ကွယ်မှာ လေးနက်တဲ့ အဓိပ္ပာယ်နဲ့ အကြောင်းအရာတွေ ရှိနေပါတယ်။ သူတို့ရဲ့ အဓိ ပ္ပာယ်ကို ဆက်လက် လေ့လာ ကြည့်ပါဦး။

1. Single
အရမ်း လက်တွေ့ဆန်ပြီး ကြည့်ကောင်းတဲ့ Relationship Status ပါပဲ။ တကယ်တမ်း ကျတာ့ Facebook က "Single" ဆိုတာ ကတော့ အဓိပ္ပါယ် အမျိုးမျိုး ရှိပါတယ်။
၁။ တကယ့် Single သမားတွေ ကတော့ Single ပဲ ထားတာ၊
၂။ ကိုယ့်ရည်းစားကို စိတ်တိုပြီး Single ပြောင်းတာ၊
၃။ တွဲနေတဲ့ ရည်းစား ရှိပေမယ့် Single ပဲ လိမ်ချင်တာ၊
၎။ လက်ထပ် ပြီးသားသူ ပေမယ့် Single ကိုပြောင်းရမှာ ပျင်းလို့ ဒီအတိုင်း ထားတာ စတာတွေပေါ့။
2. In a Relationship
တကယ်တော့ "In a Relationship" ဆိုတာ အရှုပ်ထွေးဆုံးပါ။ သူတို့ အဓိပ္ပါယ် တွေကတော့
၁။ တစ်ယောက် ယောက်နဲ့ ရည်းစား ဖြစ်ကာစ အချစ်တွေ လျှံထွက်ပြီး In a Relationship ပြောင်းတာ၊
၂။ ဘယ်သူမှနဲ့ တွဲမနေ ဘဲနဲ့ ရည်းစား ဟောင်းကို ကလိချင်လို့ ပြောင်းတာ၊
၃။ ရည်းစား များပေမယ့်၊ ပြောင်းတော့ ပြောင်းပေမယ့် နာမည် မထည့်ဘဲ ပြောင်းတာ၊
၎။ သူငယ်ချင်းတွေ ပြောင်းတာတွေ ကြည့်ပြီး အားကျလို့ လိုက်ပြောင်းတာ၊
၅။ တစ်နေရာရာမှာ တစ်ယောက် ယောက်ကို ချစ်မိပြီး ဖီလင် အပြည့်နဲ့ ပြောင်းတာ၊
၆။ ၀ိုင်းဝိုင်းလည် ကြူနေတာ၊ အကြူခံ ရတာ ရပ်သွားချင်လို့ ပြောင်းတာ စတာတွေပါပဲ။

3. Engaged
ဒီ Engaged မှာလည်း အဓိပ္ပါယ်တွေ ရှိပါတယ်။ အဲဒါတွေ ကတော့
၁။ တကယ် Engaged လုပ်လို့ ပြောင်းတာ၊
၂။ နောက်တစ်နည်းက ရည်းစားကို Propose လုပ်စေချင်လို့ ပြောင်းတာ၊
၃။ ပတ်ဝန်းကျင်ကို လှုပ်လှုပ်ရှားရှား ဖြစ်သွား စေချင်လို့ ပြောင်းတာ တွေပါပဲ။
4. Married
ဒီ Married ကတော့ လမ်းဆုံးတဲ့ Relationship Status ပါပဲ။ နောက်က အဓိပ္ပါယ် တွေကတော့
၁။ တကယ် Married ဖြစ်လို့ ပြောင်းတာ၊
၂။ နာမည်ကြီး တစ်ယောက်ယောက်နဲ့ တိတ်တိတ် လက်ထပ် ထားသလိုလို ဘာလိုလို တကယ်တော့ ကလိပြီး ပြောင်းတာ၊

၃။ ၀ိုင်းဝိုင်းလည် ကြူနေကြတဲ့ သူတွေက တားမရ ဆီးမရ ဖြစ်နေလို့ ပြောင်းတာ တွေပါပဲ။
5. It's Complicated
မကျော်ကြားတဲ့ Relationship Status ပေမယ့် အဓိပ္ပါယ်တွေ ရှိနေပါတယ်။ အဲဒါတွေ ကတော့
၁။ ကိုယ့်ရည်းစားနဲ့ ခွာပြဲလိုက်၊ ပြန်ကပ်လိုက်နဲ့ အကြိမ်ကြိမ် ဖြစ်နေလို့ ပြောင်းတာ၊
၂။ ကိုယ်စိတ်ကူး ထားတဲ့သူနဲ့ တကယ် ရည်းစား မဖြစ်ရလို့ စိတ်ပေါက်ပေါက်နဲ့ ပြောင်းတာ၊
၃။ ကိုယ့်ရဲ့ ဖူးစားရှင်က ကော်ဇောပျံနဲ့ ရောက်လာ မလားလို့ စိတ်ကူးယဉ်ပြီး ပြောင်းတာ၊
၎။ သုံးဖက်ဆိုင်၊ လေးဖက်ဆိုင်နဲ့ တိုင်ပတ်နေလို့ ပြောင်းတာ တွေပါပဲ။
6. In a Open Relationship
ဒါကတော့ အဓိပ္ပါယ် ဖွင့်ရ လွယ်ပါတယ်။
၁။ ကိုယ့်ရည်းစားနဲ့ နောင်ဂျိန်ချပြီး ကွာချင်လို့ ပြောင်းတာ၊
၂။ ကြောင်တောင်တောင်နဲ့ ဘာအဓိပ္ပါယ် ရယ်လို့ မဟုတ် ပြောင်းချင်လို့ကို ပြောင်းတာ တွေပါပဲ။

7. Widowed
ဝမ်းနည်းစရာ ကောင်းတဲ့ Relationship Status ပါပဲ။
၁။ တကယ် widowed ဖြစ်နေလို့ ပြောင်းတာ၊
၂။ ယောက်ျားနဲ့ နောင်ချိန်ချပြီး ဒင်းမနက်ဖြန် သေတော့မှာပဲလို့ တေးထားပြီး ပြောင်းတာတွေပါပဲ။
8. Separated
ရှုပ်ထွေးတဲ့ Status ပါပဲ။
၁။ လင်မယား ပြဿနာ တတ်ပြီး စိတ်ဆိုးဆိုးနဲ့ ခွဲနေလို့ ပြောင်းတာ၊
၂။ တကယ် တရားဝင် ခွဲနေလို့ ပြောင်းတာတွေပါပဲ။

9. Divorced
ဒါကတော့ ထူးထူးခြားခြား မရှိပါဘူး။ တကယ် လင်မယား ကွာရှင်းကြလို့ ပြောင်းကြတာပဲ များပါတယ်။
10. In a Civil Union
မကြာ သေးမီက ပေါ်တဲ့ဟာပါပဲ။ အဓိပ္ပါယ် တွေကတော့
၁။ Gay လို့တရားဝင် ကြေညာထားပြီး လက်ထပ်ဖို့ စိတ်မကူး ထားတဲ့ သူတွေ ပြောင်းတာ၊
၂။ ပျော်စေ ပျက်စေ ကလိပြီး ပြောင်းတာတွေ ဖြစ်ပါတယ်။
11. In a Domestic Partnership
ဒါလည်း ပေါ်တာ မကြာသေးပါဘူး။
၁။ Gay ဖြစ်ပေမယ့် ဒီဟာက ပိုကောင်းမယ်ထင်လို့ ပြောင်းတာ၊
၂။ ဘာမဟုတ် ညာမဟုတ် ယောင်လည်လည်နဲ့ ပြောင်းတာတွေ ဖြစ်ပါတယ်။

ကဲအဓိပ္ပာယ်တွေ ရှင်းပြီနော်။ နောက်နောင် Relationship Status တင်ရင် သတိထား ကြပါလော့။ မေခလာ သီချင်းလို "ဘယ်သူ သိတာ မှတ် လို့...မေးလဲ မမေးကြပါ" လို့တော့ လျှောက်မလုပ် ကြပါနဲ့။ ဘယ်လို သဘောမျိုး သက်ရောက် သွားလို့ ကိုယ့်ကို ဘယ်လို ထိခိုက်မယ် ဆိုတာ လဲ မသိနိုင်ကြလို့ ဘာက ကိုယ်နဲ့ အဆင်ပြေမလဲ ဆိုတာ ရွေးတင်ကြ ပါလို့ တိုက်တွန်း လိုက်ရ ပါတယ်ဗျာ။
Credict to>>http://www.mymclub.net