Gmail (Email)
အင်တာနက်မှနေ၍ စာပို့နိုင်သည့်ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ အင်တာနက်မှ စာပို့သည်ကို Electronic Mail (Email) ဟုခေါ်သည်။ Google ကုမ္ပဏီက စာပိုသော စနစ် Google Mail ကိုအတိုချုံ၍ Gmail ဟုခေါ်ကြသည်။ အင်တာနက်အသုံးပြုသူ တစ်ဦးအနေဖြင့် မိမိကိုယ်ပိုင် Email အကောင့်တစ်ခုမရှိမဖြစ်လိုအပ်သည်။ အချိုနေရာများတွင် အင်တာနက်စာမျက်နှာများကို တိုက်ရိုက်ကြည့်ရှူ၍မရပဲ မိမိ၏ Email ကိုထည့်သွင်းပေးမှသာ ၀င်ရောက်၍ရသည်။
ပြုလုပ်နည်း
မိမိကိုယ်ပိုင် Gmail တစ်ခုပြုလုပ်လိုလျှင် မိမိ၏ နာမည် အသက် မွေးနေ့ ဖုန်းနံပါတ်များထည့်ကာ စာရင်းဖွင့်ရသည် ထိုသို့ပြုလုပ်သည်ကို Account လုပ်သည်ဟုခေါ်သည်။ https://accounts.google.com/SignUp ကိုသွားပါ (Google မှတစ်ဆင့်လည်းသွားနိုင်ပါသည်) ထိုစာမျက်နှာတွင် မိမိ၏ အချက်အလက်များကိုထည့်သွင်း ရမည် Text box များပါရှိပါမည်။ အောက်ပါအဆင့်အတိုင်း ပြုလုပ်နိုင်ပါသည်။
Step 1.
Name ဆိုသောနေရာတွင် မိမိ၏ အမည် ကို အရှေ့နှင့်အနောက် box နှစ်ခုတွင်ခွဲရေးပါ။
(အင်္ဂလိပ်များတွင် နာမည်နှစ်ခုရှိသောကြောင့်ဖြစ်သည်) Eg. Harry Potter, John Smith
Step 2.
Choose Your User Name ဆိုသောနေရာတွင် မိမိ၏ အီမေးလိပ်စာဖြစ်လာမည်နာမည်ကိုရိုက်ထည့်ပေးရပါမည်။ ထိုသိုရိုက်ထည့်ရာတွင် လိပ်စာဖြစ်သည့်အတွက် နေရာလပ်(Space) မခံရပါ စာလုံးအကြီး (Capital letter) မပါဝင်ရပါ။ အခြားကြိုက်နှစ်သက်ရာ ဂဏန်းများရိုက်ထည့်နိုင်သည်။ ထိုသိုရိုက်ထည့်ပြီးနောက် မိမိရိုက်ထည့်သောနာမည် သည်ရှိနေပြိးသားဖြစ်နေပါက အောက်ပါအတိုင်း စာကြောင်းအနီရောင်ဖြင့် အခြားနာမည်တစ်ခုခုကိုရွေးခိုင်ပါသည် ထိုအထဲမှတစ်ခုကို ရွေးပေးလိုက်ပါ။ ပုံတွင်တော့ yatanarponc ကိုတစ်ချစ်နှိပ်ရွေးလိုက်ပါသည်။ နောက်က @gmail.com အော်တိုထည့်ပေးပြီး yatanarponc@gmail.com ဖြစ်လာမည်။

Step 3
Create a password တွင့် သင်လိုချင်သော passsord နံပါတ်ကိုထည့်ပါ။ Confirm Your Password တွင် ထို password နံပါတ်ကိုထပ်ထည့်ပါ။ passord ဆိုသည်မှာ Gmail ကိုအသုံးပြုရန် သင်တစ်ယောက်တည်း သိထားရမည့် နံပါတ်ဖြစ်သည် ထိုနံပါတ်ဖြင့်သာ သင်၏ Gmail အတွင်းသို ၀င်ရောက်နိုင်မည်ဖြစ်ပြီး အခြားလူတစ်ယောက်သိရှိသွားပါက သင်ကိုယ်စား Gmail ကိုအသုံးပြုပြီး သင်၏ အချက်အလက်များကို ခိုးယူနိုင်သည်။
Step 4
Birthaday တွင် မိမိ၏ မွေးလ မွေးရက်နှင့် မွေးသက္ကရာဇ်ကိုရိုက်ထည့်ပေးပါ။

Step 5
Gender တွင့် Male (ကျား) သို့မဟုတ် Female (မ) ကိုရွေးပေးပါ။
Step 6
Mobile တွင်မိမိ၏မိုဘိုင်းဖုန်းနံပါတ်ကိုထည့်ပါ အရှေက (+၆၆) မှာ နိုင်ငံကုတ်ဖြစ်ပါသည် မြန်မာတွင်မူ (+၉၅) ဖြစ်နေပါမည်။ အဲနောက်မှမိမိဖုန်းနံပါတ်ကို “၀” ဖြုတ်ပြီးရိုက်ထည့်ပါ။ ဥပမာ ကျွန်တော့်ဖုန်းနံပါတ် 0901625145 ကို သုညဖြုတ်ပြီး +66901625145 ဆိုပြီးရိုက်ထည့်ပါ။ (ထိုအတွက်မိမိတွင်မိုဘိုင်းဖုန်းတစ်လုံးရှိရန်လိုအပ်မည်ဖြစ်ပါသည်။)
Step 7
Your Current Email Address နေရာတွင် သင်လက်ရှိအီးမေးကိုထည့်နိုင်သည်။ မရှိပါကလည်းဒီအတိုင်းချန်ထားခဲ့လို့ရသည်။ ထည့်ပေးတာပိုကောင်းသည်။ (ထည့်ပေးချင်ရင် yatanarponcomputer@gmail.com ဆိုပြီးထည့်ပေးနိုင်သည်။) သင်အကောင့်မေ့သွားလျှင် ပျောက်သွားလျှင် ပြန်ရယူနိုင်ရန်ဖြစ်သည်။
Step 8
Prove you’re not a robot တွင် သင်သည် လူအစစ်ဖြစ်ကြောင်း အော်တို စနစ်တစ်ခုမဟုတ်ကြောင်းသေချာစေရန် လူများသာခွဲခြားနိုင်သည့် အောက်တွင်ပေးထားသော စာလုံးကွေးကွေးနှစ်လုံးကို ပြန်ရိုက်ထည့်ရမည်။ ဥပမာပြထားသော ပုံတွင် confirms etystw ဆိုသောစာကို Space တစ်ချက်ခြားပြီး ရိုက်ထည့်ပေးရမည်။

Step 9
Location တွင်သင်၏ နိုင်ငံကိုရွေးပေးရမည်။
အောက်တွင်ရှိသော Check Box တွင် အပေါ်ပုံတွင်ပြထားသည်အတိုင်း အမှန်ခြစ်အလေးပေါ်အောင် တစ်ချက်နှိပ်ရမည်။
အားလုံးပြည့်စုံမှုရှိမရှိပြန်စစ်ဆေးပြီး Next Step ကိုနှိပ်ပါ။ ပြည့်စုံပါက Congratulation ဆိုသည့်စာမျက်နှာသို့ရောက်သွားပြီး အကောင့်အသစ်တစ်ခုကိုရရှိသွားပြီဖြစ်ပါသည်။ မပြည့်စုံပါက ဒီစာမျက်နှာသို့ပြန်ရောက်လာနိုင်ပြီး Step 1 ကနေပြီး ပြန်ဖြည့်ရပါမည်။
(တစ်ခါတစ်ရံတွင် ဖုန်းနံပါတ်တောင်းသည့်အဆင့်တစ်ဆင့်ခံထားတတ်ပါသည် ထိုကဲ့သို့ဖုန်းနံပါတ်တောင်း လျှင်မက်ဆေ့လက်ခံနိုင်သော ဖုန်းနံပါတစ်ခုကို ရိုက်ထည့်ပေးရပါမည်။နောက် Text Message ကိုရွေးပြီး OK နှိပ်ပါ။ ထိုရိုက်ထည့်ပေးသောသင်၏ဖုန်းနံပါတ်သို့ Message ၀င်လာပါလိမ့်မည် (ဥပမာ-Google Verification Code is 123456) နောက်ထို ဂဏန်း ကို နောက်ထပ်ပေါ်လာသော ဘောက်တွင်ပြန်ရိုက်ထည့်ပြီး Ok နှိပ်ပါက။ Welcome ပေါ်လာပါလိမ့်မည်။ မက်ဆေ့လာရန် နာရီဝက်လောက်အထိစောင့်ရပါသည်။)
Gmail Account တစ်ခုပြုလုပ်ပြီးလျှင် မိမိ၏ Gmail လိပ်စာ (ဥပမာ yatanarponcomputer@gmail.com) နှင့် Password (ကီးနံပါတ်) တစ်ခုရရှိလိမ့်မည်။ ရရှိလာသော Gmail အကောင့်ကို အသုံးပြု၍ Google ၀န်ဆောင်မှုများစွာကိုလည်းအသုံးပြုနိုင်မည်ဖြစ်သည်။