Search Engine
Google ၏ အဓိက၀န်ဆောင်မှုမှာ Google Search Engine ဖြစ်သည်။ Google ၏လိပ်စာမှာ www.google.com ဖြစ်သည်။ Google Search Box မှနေ၍ သင်အလိုရှိရာ စကားလုံးများကို ရိုက်ထည့်ပြီးရှာဖွေနိုင်သည်။ စကားလုံးတစ်လုံးရိုက်ထည့်လိုက်ပါက ထိုစကားလုံးနှင့်သက်ဆိုင်သော အကြောင်းအရာများပါရှိသည့် အင်တာနက်စာမျက်နှာ (Website) များကိုရှာဖွေပေးသည်။ ထိုမှတစ်ဆင် မိမိကြည့်လိုသော website ကိုတစ်ချက်နှိပ်ပြီး ဆက်လက်ကြည့်ရှူနိုင်သည်။
Image Search
နောက် Google ၏အကောင်းဆုံးဝန်ဆောင်မှုတစ်ခုမှာ Image Search (ပုံများကိုရှာဖွေခြင်း) ဖြစ်သည်။
Google စာမျက်နှာ၏ အပေါ်တွင်ရှိသော Image ကိုနှိပ်ပြီး ရိုးရိုး Search Engine မှ Image Search Engine သို့ပြောင်းနိုင်သည်။Search Engine ကဲ့သို့ပင် ရိုက်ထည့်လိုက်သော စကားလုံးတိုင်း၏ ပုံများကို အင်တာနက်တစ်ခုလုံးမှရှာဖွေပေးသည်။ Image Search တွင်ရှာဖွေထားသောပုံများကို သိမ်ဆည်လိုပါက မိမိလိုချင်သောပုံကို တစ်ချက်နှိပ်ပြီး ၀င်ရသည်။ ပုံအကြီးပေါ်လာပါက ပုံဘေးတွင်ရှိသော See Full Size Image ကိုနှိပ်ပါက ပုံ၏နဂိုအရွယ်အစားပေါ်လာမည်။ နောက်ထိုပုံပေါ်တွင် Right-Click နှိပ်ပြီး ပေါ်လာသော pop up window မှ Save Image As ကိုနှိပ်ပြီး မိမိကွန်ပျူတာထဲတွင်သိမ်းဆည်းထားနိုင်သည်။
အခြားသော Service များလည်းရှိသည် ဆက်လက်ရေးသားပါအုံးမည်။